စာရင်းသွင်းရန်
ဂျပန်ကို ဘယ်လမ်းကြောင်းနဲ့ သွားမလဲ? မေးခွန်း ၅ ခုနဲ့ ရှာကြည့်ပါလမ်းကြောင်း ရှာကြည့်မယ် →
NEW စကားပြော ဗီဒီယို ၁၅၀ — အခြေခံကနေ N1 အထိ ပါဝင်
JLPT N5 · N4 · N3 · N2 · N1

ဂျပန်စာကို အခြေခံကနေ
N1 အထိ စနစ်တကျ

ဗီဒီယို သင်ခန်းစာနဲ့ ဖုန်း Application ကို တွဲသုံးပြီး ဂျပန်စာကို ကိုယ့်အချိန်၊ ကိုယ့်အရှိန်နဲ့ စနစ်တကျ လေ့လာနိုင်ပါတယ်။ ရှင်းလင်းချက်တွေကို မြန်မာလို ရေးထားပြီး ဂျပန်စကားကိုတော့ ဂျပန်လူ အသံနဲ့ ကြားရမှာပါ။

N5 — ၁၂၃ သင်ခန်းစာ N4 — ၉၅ သင်ခန်းစာ N3 — ၁၁၀ သင်ခန်းစာ N2 — ၁၃၁ သင်ခန်းစာ N1 — ၁၆၀ သင်ခန်းစာ
JLPT N5–N4 သင်တန်း စာမျက်နှာကို ဖုန်းတွင် အောက်သို့ လှိမ့်ကြည့်နေပုံ
ဘာကြောင့် Ohlalago လဲ

သဒ္ဒါကိုတော့ ဘယ်သူမဆို သင်ပေးနိုင်ပါတယ်။

ဂျပန်ရုံးသုံး စကားကတော့
ဂျပန်မှာ အလုပ်လုပ်နေသူမှ
သင်ပေးနိုင်ပါတယ်။

N5 သဒ္ဒါကို N3 အောင်ထားသူ တစ်ယောက်ဆိုရင် သင်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အထက်လူကြီးကို သတင်းပို့ပုံ၊ ပစ္စည်းပို့တာ နောက်ကျသွားရင် ဖောက်သည်ကို တောင်းပန်ပုံ၊ တစ်ဖက်လူ စိတ်မဆိုးအောင် ငြင်းပုံ၊ 「本音と建前」 နဲ့ 「空気を読む」 က ရုံးထဲမှာ လက်တွေ့ ဘယ်လို ဖြစ်လဲ ဆိုတာတွေကတော့ စာအုပ်ထဲမှာ မပါပါဘူး။ ဂျပန်ရုံးထဲမှာ နှစ်နဲ့ချီ အလုပ်လုပ်ခဲ့ဖူးသူမှသာ သင်ပေးနိုင်တာပါ။

P

ဆရာ Phyo

ဂျပန်မှာ နှစ် ၂၀ · JLPT N1

ဂျပန်ကုမ္ပဏီမှာ IT project manager အဖြစ် နေ့တိုင်း ဂျပန်လို အလုပ်လုပ်နေပါတယ်။

A

ဆရာမ Ai

ဂျပန်မှာ နှစ် ၁၅ · JLPT N1

ဂျပန်ကုမ္ပဏီမှာ IT project manager အဖြစ် နေ့တိုင်း ဂျပန်လို အလုပ်လုပ်နေပါတယ်။

အခြေခံအဆင့်ကနေ N1 အထိ — စကားပြော ဗီဒီယို 150 ပိုင်း

အဆင့်တိုင်းမှာ ၃၀ ပိုင်းစီ ပါဝင်ပြီး အဆင့်တက်လာတာနဲ့အမျှ ဂျပန်မှာ တကယ် ကြုံရမယ့် မြင်ကွင်းတွေလည်း အဆင့်မြင့်လာပါတယ်။

ကွန်ဗီနီ ဆိုင် ငွေရှင်းကောင်တာ
N5コンビニでကွန်ဗီနီ ဆိုင်မှာ
ဘဏ်မှာ ငွေစာရင်း ဖွင့်ခြင်း
N4銀行で 口座を 作るဘဏ်မှာ အကောင့် ဖွင့်တာ
အထက်လူကြီးကို သတင်းပို့နေပုံ
N3上司に 報告するအထက်လူကြီးကို သတင်းပို့တာ
ပေးပို့ရက် ရွှေ့ဖို့ ညှိနှိုင်းနေပုံ
N2納期を のばして もらうပို့မယ့်ရက် ရွှေ့ဖို့ ညှိတာ
စားပွဲမှာ ယဉ်ယဉ်ကျေးကျေး ငြင်းဆိုနေပုံ
N1角を立てずに 断るစိတ်မဆိုးအောင် ငြင်းတာ
Messenger မှာ 「စကားပြော」 လို့ ပို့ပါ

ဘယ်အဆင့်ကနေ စရမလဲ၊ ငွေ ဘယ်လို ပေးရမလဲ အကုန် ရှင်းပြပေးပါမယ်။

NEW · きいて まねして はなせる

စာ ဖတ်တတ်ပေမဲ့ ပြောမထွက်ဘူးလား?

ကိုယ့်မိခင်ဘာသာစကားကို ဘယ်သူမှ သဒ္ဒါကနေ စမသင်ခဲ့ကြပါဘူး — နားထောင်၊ အတုခိုး၊ ပြော ဆိုတဲ့ အစဉ်နဲ့ ပြောတတ်လာခဲ့တာပါ။ ဒီ စကားပြော ဗီဒီယို ၁၅၀ က ဂျပန်စကားကို အဲဒီ အစဉ်အတိုင်း သင်ပေးပါတယ်။

နမူနာ — အပိုင်း ၂ 「コンビニで」 (ကွန်ဗီနီ ဆိုင်မှာ) ထဲက အပိုင်းလေး

  1. 1

    きいて — နားထောင်

    စာ မပြဘဲ အရင် နားထောင်ပါ။ မြင်ကွင်းကို ကြည့်ပြီး ဘာဖြစ်နေလဲ ခန့်မှန်းပါ။

  2. 2

    まねして — အတုခိုး

    စကားစု တစ်ခုလုံးကို ဂျပန်လူ အသံအတိုင်း လိုက်ဆိုပါ။ ရှင်းလင်းချက် အားလုံးကို မြန်မာလို ပြောပြပေးပါတယ်။

  3. 3

    はなせる — ပြောတတ်

    မင်း ဆိုတဲ့ ဇာတ်ကောင် နေရာမှာ ကိုယ်တိုင် ဝင်ပြောပါ။ သဒ္ဒါကို နောက်ဆုံးမှ တိုတိုလေး ရှင်းပြပါတယ်။

ပုံမှန် စာအုပ်နဲ့ဆိုရင်

သဒ္ဒါ ဇယားကို အရင် ကျက်ရပြီး စာကြောင်းကို ဖတ်ပြီးမှ နားထောင်ရပါတယ်။ ဒါကြောင့် စာမေးပွဲ အောင်ပေမဲ့ တကယ် ပြောရမယ့် အချိန်ကျတော့ စကား မထွက်တာ ဖြစ်တတ်ပါတယ်။

きいて まねして はなせる နဲ့ဆိုရင်

ဂျပန်လူ အသံကို အရင် နားထောင်၊ စကားစု တစ်ခုလုံးကို လိုက်ဆိုပြီး ကိုယ်တိုင် ဝင်ပြောရပါတယ်။ သဒ္ဒါကို နောက်ဆုံးမှ ရှင်းပြလို့ နားလည်ပြီးသား အရာတွေကို စနစ်တကျ ပြန်စီရုံပါပဲ။

ကွန်ဗီနီ ဆိုင် ငွေရှင်းကောင်တာ
ကွန်ဗီနီ
ဘူတာရုံ
ဘူတာ
ဆေးခန်း
ဆေးခန်း
ဘဏ်မှာ အကောင့် ဖွင့်ခြင်း
ဘဏ်
ကုမ္ပဏီတွင်း တင်ပြချက်
ရုံးတွင်း တင်ပြချက်
ပန်နယ် ဆွေးနွေးပွဲ
ပန်နယ် ဆွေးနွေးပွဲ
အခြေခံကနေ N1 အထိ အဆင့်တိုင်းမှာ ၃၀ ပိုင်းစီ (စုစုပေါင်း ၁၅၀ ပိုင်း) — သင်တန်းကြေး အပို မပေးရဘဲ ပါဝင်ပါတယ်။ ကွန်ဗီနီ၊ ဘူတာ၊ ဘဏ်၊ ဆေးခန်းကနေ စပြီး ရုံးအစည်းအဝေး၊ ဖောက်သည်နဲ့ ညှိနှိုင်းတာ၊ အခမ်းအနား မိန့်ခွန်း အထိ ဂျပန်မှာ တကယ် ကြုံရမယ့် မြင်ကွင်းတွေနဲ့ လေ့ကျင့်ရပါတယ်။
N5 ကို ၄၈,၀၀၀ ကျပ်နဲ့ စမယ်
၄၅ စက္ကန့်

ဒီသင်တန်းနဲ့ ဘာတွေ ရမလဲ

သင်ခန်းစာ အစစ်၊ ပါဝင်တဲ့ အရာတွေနဲ့ သင်တန်းကြေးကို ၄၅ စက္ကန့်အတွင်း ကြည့်လိုက်ပါ။

သင်ကြားမှုပုံစံ

နည်းလမ်း သုံးမျိုးကို ပေါင်းစပ်ထားပါတယ်

စာအုပ် တစ်အုပ်တည်းနဲ့ မဟုတ်ဘဲ ဗီဒီယိုနဲ့ Application ကို ပေါင်းစပ်ထားလို့ ကြည့်၊ လေ့ကျင့်၊ ပြန်စစ် ဆိုတဲ့ အဆင့်တွေကို ဖုန်း တစ်လုံးတည်းနဲ့ အကုန် လုပ်နိုင်ပါတယ်။

ဗီဒီယို သင်ခန်းစာ

သဒ္ဒါ၊ ဝေါဟာရ၊ ခန်းဂျိနဲ့ JLPT အတွက် လိုအပ်တာတွေကို အဆင့်လိုက် ဗီဒီယိုနဲ့ သင်ပေးပါတယ်။ အဆင်ပြေတဲ့ အချိန်မှာ ကြည့်ပြီး နားမလည်တဲ့ နေရာကို လိုသလောက် ပြန်ကြည့်နိုင်ပါတယ်။

Application နဲ့ လေ့ကျင့်ခန်း

သင်ခန်းစာတိုင်းမှာ လေ့ကျင့်ခန်းနဲ့ အဖြေ ပါပါတယ်။ ဖုန်းထဲကနေ ချက်ချင်း ဖြေကြည့်ပြီး ကိုယ် ဘယ်အထိ ရောက်နေပြီလဲ ဆိုတာကို တိုးတက်မှု မှတ်တမ်းမှာ အချိန်မရွေး စစ်ကြည့်နိုင်ပါတယ်။

Zoom Live Class (သီးခြား)

ဆရာနဲ့ တိုက်ရိုက် လေ့လာချင်သူတွေအတွက် သီးခြား စီစဉ်ပေးထားပါတယ်။ ဗီဒီယိုနဲ့ လေ့လာထားတာတွေကို ပြန်ရှင်းပြပေးပြီး မရှင်းတဲ့ နေရာတိုင်းကို တိုက်ရိုက် မေးမြန်းနိုင်ပါတယ်။ ဗီဒီယို သင်တန်းကြေးထဲမှာ မပါဝင်ပါဘူး — ဒါပေမဲ့ Zoom Live Class ထဲမှာတော့ အဲဒီအဆင့်ရဲ့ ဗီဒီယို သင်တန်း ပါဝင်ပါတယ်။

Application

ဖုန်းထဲမှာ ဒီအတိုင်း လေ့လာရမှာပါ

ဒီပုံတွေက သင်တန်းသားတွေ တကယ် မြင်ရမယ့် စာမျက်နှာတွေပါ။

သင်ခန်းစာ ဗီဒီယိုနှင့် အမြန်နှုန်း ချိန်ညှိချက်

Video သင်ခန်းစာ
အမြန်နှုန်း 0.75× – 1.75×

ဂျပန်စာ သဒ္ဒါ ရှင်းလင်းချက်နှင့် မြန်မာဘာသာပြန်

သဒ္ဒါ ရှင်းလင်းချက်
ဂျပန် — မြန်မာ တွဲပြထား

သင်ခန်းစာအဆုံးရှိ လေ့ကျင့်ခန်းများ

လက်တွေ့ လေ့ကျင့်ခန်း
အဖြေကို ချက်ချင်း ကြည့်နိုင်

လေ့လာမှု တိုးတက်မှု စာရင်း

တိုးတက်မှု မှတ်တမ်း
ဘယ်အထိ ရောက်ပြီလဲ သိနိုင်

ကိုယ့်အရှိန်နဲ့ကိုယ်

ဒီလို လေ့လာသွားပါမယ်

1ဗီဒီယို သင်ခန်းစာ ကြည့်ပါ အဆင်ပြေတဲ့ အချိန်မှာ ကြည့်ပြီး လိုသလောက် ပြန်ကြည့်ပါ
2Application နဲ့ လေ့ကျင့်ပါ သင်ခန်းစာ တစ်ခုပြီးတိုင်း လေ့ကျင့်ခန်းကို ဖြေကြည့်ပါ
3Zoom Live Class (သီးခြား) နားမလည်တာတွေကို ဆရာ့ဆီ တိုက်ရိုက် မေးပါ
4ပြန်လေ့ကျင့်ပါ အားနည်းတဲ့ အပိုင်းတွေကို ထပ်လေ့ကျင့်ပြီး အားဖြည့်ပါ
သင်တန်းအမျိုးအစား

ကိုယ့်အဆင့်နဲ့ ကိုက်တဲ့ အတန်းကို ရွေးပါ

ဂျပန်စာ မလေ့လာဖူးသေးရင် N5 ကနေ စပါ။ ဖော်ပြထားတဲ့ ကြာချိန်တွေက တစ်နေ့ ၂ နာရီ လေ့လာမယ်ဆိုရင် ကြာမယ့် ခန့်မှန်းချိန်ပါ။

N5
အခြေခံ အတန်း
123 LESSONS · 5–6 MONTHS

Hiragana နဲ့ Katakana ကနေ စပြီး N5 သဒ္ဒါကို တစ်ဆင့်ချင်း သင်ပေးပါတယ်။ အခြေခံ ဝေါဟာရ၊ ခန်းဂျိနဲ့ နေ့စဉ်သုံး စကားပြောကိုပါ လေ့ကျင့်ရလို့ ဂျပန်စာ လုံးဝ မလေ့လာဖူးသူတွေအတွက် အသင့်တော်ဆုံး အတန်းပါ။ စကားပြော ဗီဒီယို ၃၀ ပိုင်း ပါဝင်ပါတယ်။

N4
အခြေခံ အဆင့် ၂
95 LESSONS · 4–5 MONTHS

N5 ပြီးထားသူတွေအတွက်ပါ။ N4 သဒ္ဒါ ပုံစံတွေနဲ့ ခန်းဂျိ၊ ဝေါဟာရ အသစ်တွေကို ထပ်တိုး သင်ပြီး ပိုရှည်တဲ့ စာကြောင်းတွေကို ဖတ်တတ်လာအောင် သင်ပေးပါတယ်။ JLPT N4 စာမေးပွဲ ပုံစံအတိုင်း လေ့ကျင့်ရပြီး စကားပြော ဗီဒီယို ၃၀ ပိုင်းလည်း ပါဝင်ပါတယ်။

N3
အလယ်အလတ် အတန်း
110 LESSONS · 6–8 MONTHS

N4 ပြီးထားသူတွေအတွက် အလယ်အလတ် အတန်းပါ။ N3 အဆင့် ခန်းဂျိ Set တွေနဲ့ သဒ္ဒါ ပုံစံတွေကို သင်ယူရင်း နေ့စဉ် အသုံးအနှုန်းနဲ့ စကားပြောကိုပါ လေ့ကျင့်ပြီး JLPT N3 အတွက် ပြင်ဆင်ပေးပါတယ်။ အထက်လူကြီးကို သတင်းပို့တာ၊ ဖောက်သည်ကို တောင်းပန်တာလို ရုံးသုံး စကားပြော ဗီဒီယို ၃၀ ပိုင်းလည်း ပါဝင်ပါတယ်။

N2
အဆင့်မြင့် အတန်း
131 LESSONS · 10–12 MONTHS

သဒ္ဒါ ၂၀ ခန်း၊ ခန်းဂျိ Set ၂၄ ခု (စာလုံး ၂၄၀)၊ ဝေါဟာရ ၂၀ ခန်း (စာလုံး ၃၃၀) နဲ့ စကားပြော ၁၆ ယူနစ်ကို စနစ်တကျ စီထားပါတယ်။ JLPT N2 စာမေးပွဲ ပုံစံအတိုင်း လေ့ကျင့်ပြီး အလုပ်ခွင်မှာ သုံးနိုင်တဲ့ အဆင့်ထိ ပြင်ဆင်ပေးပါတယ်။ အစည်းအဝေး၊ ညှိနှိုင်းမှု၊ တင်ပြချက်တွေနဲ့ လေ့ကျင့်ရတဲ့ စကားပြော ဗီဒီယို ၃၀ ပိုင်းလည်း ပါဝင်ပါတယ်။

N1
အမြင့်ဆုံး အတန်း
160 LESSONS · 18+ MONTHS

文語 ပုံစံ သဒ္ဒါ ၂၀ ခန်း၊ 声符 နည်းနဲ့ သင်တဲ့ ခန်းဂျိ Set ၂၄ ခု၊ သတင်းစာ အဆင့် ဝေါဟာရ ၂၀ ခန်းနဲ့ 聴解 ပုံစံ စကားပြော ၁၆ ယူနစ် ပါဝင်ပါတယ်။ စာဖတ်နဲ့ လေ့ကျင့်ခန်း မေးခွန်း ၂,၅၀၀ ကျော်နဲ့ အမြင့်ဆုံး အဆင့်အထိ ပြင်ဆင်ပေးပါတယ်။ မိန့်ခွန်း၊ 敬語 နဲ့ 「本音と建前」 ကို လေ့ကျင့်ရတဲ့ စကားပြော ဗီဒီယို ၃၀ ပိုင်းလည်း ပါဝင်ပါတယ်။

ZOOM LIVE

ဆရာနဲ့ တိုက်ရိုက် လေ့လာချင်ရင်

LIVE

အပေါ်က သင်တန်းတွေက ဗီဒီယိုနဲ့ Application ကို သုံးပြီး ကိုယ်တိုင် လေ့လာရတဲ့ ပုံစံပါ — စဖို့ အလွယ်ဆုံး လမ်းပါ။ ဆရာနဲ့ တိုက်ရိုက် သင်ချင်သူတွေအတွက်တော့ premium ပုံစံ Zoom Live Class ရှိပါတယ်။ လူနည်းတဲ့ class မှာ ပုံမှန် live သင်ခန်းစာ တက်ရပြီး class ကြားမှာ Messenger နဲ့ မေးလို့ရပါတယ်။ N5၊ N4၊ N3 တစ်တန်း ၇၉၀,၀၀၀ ကျပ် (၁ နှစ်) ဖြစ်ပြီး အဲဒီအဆင့်ရဲ့ ဗီဒီယို သင်တန်းပါ ပါဝင်ပါတယ်။ အချိန်ဇယားနဲ့ နေရာကို Messenger မှာ စီစဉ်ပေးပါတယ်။

Messenger နဲ့ စုံစမ်းရန်
Messenger  Ohlalago Academy
သင်တန်းကြေး

Video သင်တန်း — တစ်တန်းစီ

ဗီဒီယို သင်ခန်းစာ၊ Application လေ့ကျင့်ခန်းနဲ့ အဆင့်တိုင်းမှာ စကားပြော ဗီဒီယို ၃၀ ပိုင်းစီ ပါဝင်ပါတယ်။ Zoom Live Class ကတော့ သီးခြားပါ။

N5 Class
48,000
Kyats
တစ်နေ့ ၂ နာရီနဲ့ ၅–၆ လ · သင်ခန်းစာ ၁၂၃
+ စကားပြော ဗီဒီယို ၃၀ ပါဝင်
တစ်ရက် ၃၀၀ ကျပ် မပြည့်
Messenger နဲ့ စာရင်းသွင်းရန်
N4 Class
48,000
Kyats
တစ်နေ့ ၂ နာရီနဲ့ ၄–၅ လ · သင်ခန်းစာ ၉၅
+ စကားပြော ဗီဒီယို ၃၀ ပါဝင်
တစ်ရက် ၄၀၀ ကျပ် မပြည့်
Messenger နဲ့ စာရင်းသွင်းရန်
N3 Class
68,000
Kyats
တစ်နေ့ ၂ နာရီနဲ့ ၆–၈ လ · သင်ခန်းစာ ၁၁၀
+ စကားပြော ဗီဒီယို ၃၀ ပါဝင်
Messenger နဲ့ စာရင်းသွင်းရန်
N2 Class
88,000
Kyats
တစ်နေ့ ၂ နာရီနဲ့ ၁၀–၁၂ လ · သင်ခန်းစာ ၁၃၁ · မေးခွန်း ၂,၉၀၀+
+ စကားပြော ဗီဒီယို ၃၀ ပါဝင်
Messenger နဲ့ စာရင်းသွင်းရန်
N1 Class
118,000
Kyats
တစ်နေ့ ၂ နာရီနဲ့ ၁၈ လ ကျော် · သင်ခန်းစာ ၁၆၀ · မေးခွန်း ၂,၈၀၀+
+ စကားပြော ဗီဒီယို ၃၀ ပါဝင်
Messenger နဲ့ စာရင်းသွင်းရန်
N5 + N4 တွဲယူ

နှစ်တန်းလုံး တစ်ခါတည်း ယူရင် ၈၈,၀၀၀ ကျပ် — သီးခြားစီ ယူတာထက် ၈,၀၀၀ ကျပ် သက်သာပါတယ်။ စကားပြော ဗီဒီယို ၆၀ ပိုင်းလုံး ပါဝင်ပါတယ်။

Messenger နဲ့ တွဲယူရန်
ဆရာနဲ့ တိုက်ရိုက် · Premium
Zoom Live Class

ဆရာနဲ့ တိုက်ရိုက် သင်တဲ့ premium ပုံစံပါ။ အဆင့်တစ်ခုချင်းစီက ၁ နှစ်စာ ဖြစ်ပြီး အဲဒီအဆင့်ရဲ့ ဗီဒီယို သင်တန်းပါ ပါဝင်လို့ ဗီဒီယို သင်တန်းကို သီးခြား ဝယ်စရာ မလိုပါဘူး။

  • လူနည်းတဲ့ class · ပုံမှန် live သင်ခန်းစာ
  • class ကြားမှာ Messenger နဲ့ မေးခွန်း မေးလို့ရ
  • အဲဒီအဆင့်ရဲ့ ဗီဒီယို သင်တန်း ပါဝင်
N5790,000ကျပ် · ၁ နှစ်
N4790,000ကျပ် · ၁ နှစ်
N3790,000ကျပ် · ၁ နှစ်
N2မကြာမီ
N1မကြာမီ

အချိန်ဇယားနဲ့ နေရာကို Messenger မှာ စီစဉ်ပေးပါတယ်။

Messenger နဲ့ စုံစမ်းရန်
Messenger  Ohlalago Academy

လစဉ်ကြေး မရှိပါဘူး။ Video သင်တန်းက တစ်ခါတည်း ပေးရုံနဲ့ ၂ နှစ်လုံး လေ့လာနိုင်ပါတယ်။ ခန့်မှန်းချိန်ထက် ကြာသွားရင်လည်း သင်တန်း ပိတ်မသွားပါဘူး။ Zoom Live Class က ၁ နှစ်စာပါ။

စတင်ရန်

သုံးဆင့်နဲ့ စလိုက်ပါ

STEP 1

Messenger မှာ စာ ပို့ပါ

စိတ်ဝင်စားတဲ့ အတန်းနာမည်ကို (ဥပမာ 「N5」) Messenger မှာ ပို့လိုက်ပါ။ သင်တန်းအကြောင်းနဲ့ စာရင်းသွင်းပုံကို ရှင်းပြပေးပါမယ်။

STEP 2

ငွေ ပေးချေပါ

အကောင့် ဖွင့်ပြီး ရွေးထားတဲ့ အတန်းအတွက် ငွေပေးချေပါ။ ငွေပေးချေနည်းကို Messenger မှာ ပြောပြပေးပါမယ်။

STEP 3

စတင် လေ့လာပါ

ငွေလွှဲတာ အတည်ပြုပြီးတာနဲ့ ဖုန်းထဲမှာ သင်ခန်းစာတွေကို စလေ့လာနိုင်ပါပြီ။

Messenger မှာ စာ ပို့မယ် →
မေးခွန်း

မေးလေ့ရှိတဲ့ မေးခွန်းတွေ

ဂျပန်စာ လုံးဝ မတတ်သေးလည်း ရပါသလား?

ရပါတယ်။ N5 အတန်းက Hiragana ကနေ စထားလို့ ဂျပန်စာ တစ်လုံးမှ မသိသေးသူလည်း တစ်ဆင့်ချင်း လိုက်လာနိုင်ပါတယ်။ ရှင်းလင်းချက်တွေကို မြန်မာလို ရေးထားပါတယ်။

စကားပြော ဗီဒီယို (きいて まねして はなせる) ကို သီးခြား ဝယ်ရပါသလား?

မဝယ်ရပါဘူး။ N5 ကနေ N1 အထိ အဆင့်တိုင်းမှာ ၃၀ ပိုင်းစီ အပိုကြေး မရှိဘဲ ပါဝင်ပါတယ်။ ဂျပန်စကားကို ဂျပန်လူ အသံနဲ့ ကြားရပြီး ရှင်းလင်းချက်ကို မြန်မာလို ပြောပြပေးပါတယ်။ ဗီဒီယို တစ်ပိုင်းချင်းစီ အောက်မှာ စကားပြော စာသားနဲ့ လေ့ကျင့်ခန်း ပါပါတယ်။

သင်တန်းကြေးထဲမှာ Zoom Live Class ပါသလား?

မပါပါဘူး။ ဗီဒီယို သင်တန်းကြေးက ဗီဒီယို သင်ခန်းစာနဲ့ Application လေ့ကျင့်ခန်းအတွက်ပါ။ ဆရာနဲ့ တိုက်ရိုက် သင်ချင်ရင် Zoom Live Class (N5၊ N4၊ N3 တစ်တန်း ၇၉၀,၀၀၀ ကျပ်၊ ၁ နှစ်) ကို ယူနိုင်ပြီး အဲဒီအဆင့်ရဲ့ ဗီဒီယို သင်တန်းပါ ပါဝင်ပါတယ်။ အချိန်ဇယားနဲ့ နေရာကို Messenger မှာ စီစဉ်ပေးပါတယ်။ N2 နဲ့ N1 ကတော့ မကြာခင် ဖွင့်ပါမယ်။

ဘယ် device တွေမှာ ကြည့်လို့ရလဲ?

ဖုန်း၊ tablet နဲ့ ကွန်ပျူတာ အားလုံးမှာ ကြည့်လို့ရပါတယ်။ အင်တာနက် အားနည်းတဲ့ နေရာမှာလည်း ကြည့်နိုင်အောင် ပြင်ဆင်ထားပါတယ်။

ဘယ်လောက် ကြာကြာ ကြည့်လို့ရလဲ?

ဝယ်ပြီးတဲ့နေ့ကစပြီး ၂ နှစ်လုံး အကြိမ်ကြိမ် ပြန်ကြည့်နိုင်ပါတယ်။ လစဉ်ကြေး ထပ်ပေးစရာ မလိုပါဘူး။

အတန်း တစ်ခုထက် ပိုတက်လို့ရလား?

ရပါတယ်။ N5 ကနေ N1 အထိ ငါးတန်းလုံးကို သီးခြားစီ စာရင်းသွင်းနိုင်ပါတယ်။ N5 နဲ့ N4 ကို တွဲယူရင် ၈,၀၀၀ ကျပ် သက်သာပါတယ်။ အခြေခံ မခိုင်သေးရင် N5 ကနေ စဖို့ အကြံပြုပါတယ်။

ဒီနေ့ပဲ ပထမ သင်ခန်းစာကို စလိုက်ပါ

ဗီဒီယို၊ Application နဲ့ စကားပြော လေ့ကျင့်ခန်းကို ပေါင်းစပ်ထားတဲ့ ဂျပန်စာ သင်တန်းပါ။ မေးစရာ ရှိရင် Messenger ကနေ အချိန်မရွေး မေးမြန်းနိုင်ပါတယ်။

သင်တန်းကြေး ကြည့်ရန် Messenger နဲ့ မေးမြန်းရန်
၄၈,၀၀၀ ကျပ်မှN5 · N4 · N3 · N2 · N1 — တစ်တန်းစီ
စာရင်းသွင်းရန်