DRAFT — not for publication. Remove this bar and every TODO before launch.
စစ်ကြည့်မယ်
ကိုယ့်အတွက် ဘယ်လမ်းကြောင်းလဲ? မေးခွန်း ၅ ခုနဲ့ ရှာကြည့်ပါလမ်းကြောင်း ရှာကြည့်မယ် →
← /aws · AWS ကို ဘာကြောင့် သိထားသင့်လဲ
$ aws-cert --path CLF-C02AIF-C01SAA-C03

for engineersEngineer အတွက် — သင်တန်းထဲမှာ ဘာတွေ နက်နက်နဲနဲ သင်ရမလဲ

Service နာမည်တွေ အလွတ်ကျက်တာ မဟုတ်ဘဲ — VPC ကို ဘာကြောင့် public/private subnet ခွဲလဲ၊ security group နဲ့ network ACL ဘာကွာလဲ၊ ဘာကြောင့် AZ နှစ်ခုမှာ ထားလဲ ဆိုတာကို မြန်မာလို ရှင်းပြပေးတဲ့ AWS certificate ပြင်ဆင်ရေး သင်တန်းပါ — Cloud Practitioner နဲ့ ရှင်းပြနိုင်၊ AI Practitioner နဲ့ AI ကို လုပ်ငန်းမှာ သုံးနိုင်၊ Solutions Architect နဲ့ ကိုယ်တိုင် ဒီဇိုင်းဆွဲနိုင်အောင်ပါ။ AWS ဝေါဟာရတွေကိုတော့ စာမေးပွဲမှာ မြင်ရမယ့်အတိုင်း English နဲ့ ထားပါတယ်။

DeveloperIT supportNetwork / infraCS ကျောင်းသားSelf-taught coder
405CLF မေးခွန်း
272AIF မေးခွန်း
479SAA မေးခွန်း
65QMock · စာမေးပွဲပုံစံ
three-tier-web.svgmulti-AZ
Users Route 53 · DNS CloudFront · edge REGION · ap-southeast-1 S3 static VPC · 10.0.0.0/16 IGW Load Balancer AZ a AZ b public 10.0.1.0/24 public 10.0.2.0/24 EC2 web EC2 web SG SG private 10.0.3.0/24 private 10.0.4.0/24 RDS primary RDS standby NACL sync 1 lookup 2 HTTPS
ch09–10 Region · AZ · edgech12 VPC · IGWch13 subnet · SG · NACLch14 Route 53ch16–18 S3 · RDS
CLF မှာ ဒီပုံကို ကိုယ့်စကားနဲ့ ရှင်းပြနိုင်အောင်၊ SAA မှာတော့ ဒီပုံကို requirement ကနေ စပြီး ကိုယ်တိုင် ဆွဲနိုင်အောင် (SAA ch28၊ ch35 မှာ လက်တွေ့ ဆောက်) သင်ပါတယ်။ (ကျွန်တော်တို့ကိုယ်တိုင် ဆွဲထားတဲ့ ပုံပါ)
01 · WHY AWS

Engineer တွေ AWS ကို သဘောကျတဲ့ အကြောင်းရင်း ၆ ချက်

Marketing စကားလုံး မဟုတ်ဘဲ လက်တွေ့ system တည်ဆောက်တဲ့သူ တစ်ယောက်အမြင်နဲ့ ကြည့်ရင် ဒါတွေက အဓိကပါ။ တစ်ခုချင်းစီကို CLF ရဲ့ ဘယ်အခန်းမှာ သင်လဲ ဆိုတာပါ တွဲပြထားပါတယ်။

01 · global infrastructure · ch09–10
39 / 124Regions / AZs

ကမ္ဘာအနှံ့ ဖြန့်ထားလို့ရတယ်

Region တစ်ခုထဲမှာ AZ (data center အုပ်စု) အများကြီး ရှိလို့ AZ တစ်ခု ပျက်ရင်လည်း ဆက်လည်ပတ်အောင် ဒီဇိုင်းဆွဲလို့ရပါတယ်။ ဒါက multi-AZ ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ပါ။

aws.amazon.com/about-aws/global-infrastructure · 2026-10-18
02 · pay-as-you-go · ch05, ch26–28
$0upfront

သုံးသလောက်ပဲ ပေးရတယ်

Server ကို ကြိုဝယ်စရာ မလိုဘဲ traffic တက်ရင် ချဲ့၊ ကျရင် ပြန်လျှော့ပါတယ်။ On-Demand၊ Savings Plans၊ Spot ကို ဘယ်အခါ ရွေးရမလဲ၊ Pricing Calculator နဲ့ ကုန်ကျစရိတ် ကြိုတွက်နည်းကိုပါ သင်ပါတယ်။

03 · managed services · ch18
buildnot babysit

Patch နဲ့ backup ကို AWS ဆီ လွှဲလို့ရတယ်

RDS လို managed database မှာ backup၊ patch၊ standby ကို AWS က လုပ်ပေးလို့ engineer က application ပေါ်မှာပဲ အာရုံစိုက်နိုင်ပါတယ်။ ဘယ်တာဝန်က ဘယ်သူ့ဆီ ကျလဲ ဆိုတာ shared responsibility model (ch19) မှာ ဆက်သင်ပါတယ်။

04 · serverless · ch08
λno server to manage

Server မရှိဘဲ code run လို့ရတယ်

Lambda မှာ code ကိုပဲ တင်ထားရင် request ဝင်လာမှ run ပါတယ်။ Container၊ Fargate နဲ့ ဘယ်အခါ ဘယ်ဟာ ရွေးမလဲ ဆိုတာက CLF မှာ မေးတဲ့ ပုံစံ တစ်ခုပါ။

05 · generative AI · AIF
Bedrock+ RAG

GenAI ကို API တစ်ခုနဲ့ ခေါ်သုံးလို့ရတယ်

Amazon Bedrock က ကုမ္ပဏီ အမျိုးမျိုးရဲ့ foundation model တွေကို API တစ်ခုတည်းကနေ သုံးလို့ရအောင် ပေးထားပါတယ်။ RAG၊ fine-tuning၊ guardrails ကို ဘယ်အခါ သုံးမလဲ ဆိုတာက AI Practitioner ရဲ့ အဓိက အကြောင်းအရာပါ။

06 · free plan · ch26
$100+ up to $100 credits

အကောင့်သစ်နဲ့ ကိုယ်တိုင် စမ်းလို့ရတယ်

၂၀၂၅ ဇူလိုင် ၁၅ ကစ ဖွင့်တဲ့ အကောင့်သစ်တွေမှာ credit နဲ့ အများဆုံး ၆ လ free plan ပါပြီး service ၃၀ ကျော်က လစဉ် ကန့်သတ်ချက်အတွင်း အမြဲ အခမဲ့ပါ။ Budget alert အရင် ထားပြီးမှ စမ်းပါ။

aws.amazon.com/free · 2026-10-18

AWS certificate နာမည်တွေကို IT အလုပ်ခေါ်စာတွေမှာ မကြာခဏ တွေ့ရလို့ engineer အချင်းချင်း ပြောတဲ့ 「ဘုံစကား」 တစ်ခုလို ဖြစ်နေပါတယ်။ ဒါပေမဲ့ certificate ရရင် အလုပ်ရမယ်လို့တော့ အာမခံ မပေးပါဘူး။

02 · AFTER CLF

CLF ပြီးရင် ဒီ ၆ ခုကို ကိုယ့်စကားနဲ့ ရှင်းပြနိုင်ပါမယ်

Team meeting ထဲမှာ architect က diagram ဆွဲပြရင် ဘာပြောနေလဲ နားလည်ပြီး မေးခွန်း ပြန်မေးနိုင်တဲ့ အဆင့်ပါ။

3-tier VPC

ch12–13

Web server ကို public subnet၊ database ကို private subnet မှာ ဘာကြောင့် ခွဲထားလဲ၊ internet gateway က ဘာလုပ်လဲ။

Security group vs NACL

ch13

Stateful နဲ့ stateless ဘာကွာလဲ၊ ဘယ်အလွှာမှာ စစ်လဲ၊ ပြန်ဝင်လာတဲ့ response ဘာကြောင့် ပိတ်ခံရနိုင်လဲ။

Multi-AZ

ch06–07, ch10

Load balancer နဲ့ Auto Scaling ကို AZ နှစ်ခုကြား ဖြန့်ထားရင် data center တစ်ခု ပျက်သွားလည်း service က ဘာကြောင့် ဆက်အလုပ်လုပ်နေနိုင်လဲ။

S3 + CloudFront

ch10, ch14, ch16

Static file တွေကို S3 မှာ ထားပြီး CloudFront edge ကနေ user နားမှာ cache လုပ်ပေးပုံ၊ Route 53 က ဘယ်လို လမ်းညွှန်လဲ။

IAM least privilege

ch20–21

User၊ group၊ role၊ policy ဘာကွာလဲ၊ root user ကို နေ့စဉ် ဘာကြောင့် မသုံးရလဲ၊ MFA နဲ့ 「လိုတာထက် မပိုပေး」 ဆိုတဲ့ စည်းမျဉ်း။

Cost estimation

ch05, ch26–28

Pricing model တွေကို workload နဲ့ ကိုက်အောင် ရွေးတာ၊ Pricing Calculator နဲ့ ကြိုတွက်တာ၊ Budgets နဲ့ Cost Explorer နဲ့ bill ကို ထိန်းတာ။ (ဘားတွေက နမူနာ သဘောပါ)

အဆင့်ကို ရိုးရိုးသားသား ပြောရရင် — CLF စာမေးပွဲက architecture ကို ကိုယ်တိုင် design ဆွဲခိုင်းတာ မဟုတ်ဘဲ 「ဒီအခြေအနေမှာ ဘယ် service၊ ဘယ်နည်းလမ်း မှန်လဲ」 ကို မေးပါတယ်။ ဒီ ၆ ခုကို ရှင်းပြနိုင်တာက CLF ရဲ့ အဆင့်ပါ။ ကိုယ်တိုင် design ဆွဲပြီး trade-off ချိန်တာကတော့ Solutions Architect – Associate ရဲ့ အလုပ်ပါ — ဒီ ၆ ခုကိုပဲ SAA မှာ 「ဘယ်ဟာ ရွေးမလဲ၊ ဘာကြောင့်လဲ」 အဆင့်အထိ မြှင့်ပြီး ကိုယ့် account ပေါ်မှာ ကိုယ်တိုင် ဆောက်ကြည့်ပါတယ်။

03 · HANDS-ON FLAVOUR

Console ပေါ်က click တစ်ခုချင်းရဲ့ နောက်ကွယ်

ပုံထဲက VPC ကို AWS CLI နဲ့ ဆောက်ရင် ဒီလိုပါ။ Command တစ်ကြောင်းချင်းစီကို CLF ရဲ့ ဘယ်အခန်းမှာ ရှင်းပြထားလဲ ဆိုတာ comment မှာ ရေးထားပါတယ်။

zsh — aws-cli v2ap-southeast-1
# ch12 · VPC = AWS ထဲက ကိုယ်ပိုင် network$ aws ec2 create-vpc --cidr-block 10.0.0.0/16 # ch10 + ch13 · AZ a ထဲမှာ public subnet$ aws ec2 create-subnet --vpc-id vpc-0a1b2c \    --cidr-block 10.0.1.0/24 --availability-zone ap-southeast-1a # ch13 · security group — HTTPS (443) ကိုပဲ ဖွင့်$ aws ec2 authorize-security-group-ingress --group-id sg-0d4e5f \    --protocol tcp --port 443 --cidr 0.0.0.0/0 # ch16 · S3 bucket တွေကို စာရင်းကြည့်$ aws s3 ls
CLF စာမေးပွဲက command ကို မမေးပါဘူး။ ဒါပေမဲ့ Console၊ CLI၊ SDK တို့ဟာ AWS API တစ်ခုတည်းကို ခေါ်တဲ့ နည်းလမ်း သုံးမျိုးပဲ ဆိုတာ (ch11) နားလည်ထားရင် developer တွေအတွက် AWS ကို ပိုနားလည်လွယ်လာပါတယ်။

CIDR mini-quiz Networking Essentials preview

စိတ်ထဲက အရင် ဖြေကြည့်ပြီးမှ အဖြေကို ဖွင့်ကြည့်ပါ။

Q1 AWS subnet 10.0.1.0/24 မှာ instance ကို IP ဘယ်နှခု အထိ ပေးလို့ရလဲ?
251 — /24 က လိပ်စာ ၂၅၆ ခုပါ။ ရိုးရိုး network မှာ network address နဲ့ broadcast ကို ဖယ်ရင် ၂၅၄ ကျန်ပေမဲ့ AWS က subnet တိုင်းမှာ ၅ ခု (ပထမ ၄ ခုနဲ့ နောက်ဆုံး ၁ ခု) ကို သူ့ဘာသာ ယူထားလို့ ၂၅၁ ပဲ ကျန်ပါတယ်။ /24 = 256 → Networking ch06 · reserved 5 → AWS VPC docs
Q2 IP 203.0.113.7 တစ်ခုတည်းကို subnet အဆင့်မှာ deny လုပ်ချင်ရင် security group နဲ့ NACL ဘယ်ဟာ သုံးမလဲ?
NACL — Security group မှာ allow rule ပဲ ရှိပြီး deny ရေးလို့ မရပါဘူး။ Network ACL က subnet အဝမှာ စစ်ပြီး allow ရော deny ရော ရေးလို့ရပါတယ်။ CLF ch13 · Networking ch17 (firewall)
Q3 Private subnet ထဲက DB server က OS update download လုပ်ဖို့ internet ကို အပြင်ဘက်ပဲ ထွက်ချင်တယ်။ ဘာလိုလဲ?
NAT gateway — Public subnet ထဲမှာ NAT gateway ထားပြီး private subnet ရဲ့ route table ကို အဲဒီဆီ ညွှန်ပါတယ်။ အထဲကနေ အပြင်ထွက်လို့ရပေမဲ့ internet ကနေ DB ဆီ တိုက်ရိုက် ဝင်လို့ မရပါဘူး။ Networking ch16 (NAT) · ch20 (to the cloud)
04 · NETWORKING

AWS သင်ဖို့ networking အရင် သိဖို့ လိုလား?

တိုတိုပြောရရင် — CLF အတွက်တော့ မဖြစ်မနေ မလိုပါဘူး။ ဒါပေမဲ့ CIDR၊ routing၊ DNS၊ TCP ကို သိထားရင် VPC ကို ချက်ချင်း သဘောပေါက်သွားပါတယ်။ SAA ဆက်သွားမယ်ဆိုရင်တော့ မရှိမဖြစ်ပါ။

CLF

Optional — AWS networking ကို CLF သင်တန်းထဲမှာပဲ စာမေးပွဲအဆင့်အထိ သင်ပါတယ်: VPC နဲ့ gateway (ch12)၊ subnet၊ security group၊ NACL (ch13)၊ DNS နဲ့ Route 53 (ch14)၊ CloudFront (ch10)၊ Direct Connect နဲ့ VPN (ch12)။

SAA

Strongly recommended — Solutions Architect မှာ subnet ကို CIDR နဲ့ ခွဲတာ (ch47–48)၊ route table၊ NAT၊ peering နဲ့ Transit Gateway (ch10)၊ VPN နဲ့ Direct Connect (ch11)၊ connectivity ပြဿနာ ရှာတာ (ch49) ကို ကိုယ်တိုင် design ဆွဲရပါတယ်။ SAA ထဲမှာ အခြေခံ အခန်း ၄ ခန်း (ch43–46) ပါပေမဲ့ ပြန်နွှေးတာလောက်ပဲ ဖြစ်လို့ အခြေခံ မခိုင်ရင် အလွတ်ကျက်ရပါလိမ့်မယ်။

IT

Network ဘက်က လာသူ — router၊ VLAN၊ firewall နဲ့ အလုပ်လုပ်ဖူးရင် Networking Essentials ကို ကျော်ပြီး CLF ကနေ တန်းစလို့ ရပါတယ်။ ဒီဇယားက သင်သိပြီးသား စကားလုံးတွေကို AWS က ဘယ်လို ခေါ်လဲ ပြထားတာပါ။

Networking Essentials — အခန်း ၂၀ ခန်း။ Packet၊ IP၊ subnet/mask၊ routing၊ DNS၊ DHCP၊ TCP/UDP၊ port၊ HTTP/HTTPS/TLS၊ NAT၊ firewall ကနေ ping၊ traceroute၊ dig၊ curl နဲ့ ပြဿနာ ရှာနည်းအထိ၊ နောက်ဆုံးအခန်းက 「network ကနေ cloud ဆီ」 ပါ။ ကိုယ့်အတွက် လိုမလို စစ်ကြည့်ရန် →

NETWORKING ESSENTIALSAWS
ch05Private IP range→VPC CIDR 10.0.0.0/16
ch06Subnet · /24→Subnet
ch07Routing table · default gateway→Route table · IGW
ch08DNS · A record · TTL→Route 53
ch11Port→SG port rules
ch13TLS · certificate→ACM
ch16NAT→NAT gateway
ch17Firewall · stateful→Security group
ch17Firewall · stateless→Network ACL
Networking Essentials ရဲ့ နောက်ဆုံးအခန်း (ch20) ထဲက ဇယားပါ။ သဘောတရားက အတူတူပါပဲ၊ ကွာသွားတာက နာမည်နဲ့ ဆောက်ပုံပဲ ဖြစ်ပါတယ်။
05 · THE EXAMS

စာမေးပွဲ သုံးခုက ဘယ်လိုလဲ

CLF နဲ့ AIF က ပုံစံ တူပါတယ် — မေးခွန်း ၆၅ ခု၊ ၉၀ မိနစ်၊ USD 100၊ အောင်မှတ် ၇၀၀။ SAA က မေးခွန်း အရေအတွက် တူပေမဲ့ ၁၃၀ မိနစ်၊ USD 150၊ အောင်မှတ် ၇၂၀ ပါ။ သုံးခုလုံး Pearson VUE စာမေးပွဲဌာနမှာ ဒါမှမဟုတ် အိမ်ကနေ online ဖြေနိုင်ပြီး certificate သက်တမ်း ၃ နှစ်ပါ။ ဘာသာ ၁၀–၁၂ မျိုး ရွေးလို့ရပေမဲ့ မြန်မာဘာသာတော့ မပါပါဘူး။

CLF-C02
Cloud Practitioner
questions
၆၅ ခု — အမှတ်ပေး ၅၀ + အမှတ်မပေး ၁၅ · multiple choice / multiple response
time
၉၀ မိနစ်
fee
USD 100
pass
scaled score ၁၀၀–၁,၀၀၀ မှာ ၇၀၀

AWS Cloud နဲ့ ထိတွေ့ဖူးတာ ၆ လ အထိ ရှိသူအတွက်ပါ။ Coding နဲ့ architecture design ကို မမေးပါဘူး။

AIF-C01
AI Practitioner
questions
၆၅ ခု — အမှတ်ပေး ၅၀ + အမှတ်မပေး ၁၅ · multiple choice / multiple response၊ ordering၊ matching
time
၉၀ မိနစ်
fee
USD 100
pass
scaled score ၁၀၀–၁,၀၀၀ မှာ ၇၀၀

AWS ပေါ်က AI/ML နဲ့ ထိတွေ့ဖူးတာ ၆ လ အထိ ရှိသူ — AI ကို သုံးတဲ့ သူအတွက်ပါ။ Model coding၊ သင်္ချာ၊ hyperparameter tuning မမေးပါဘူး။

SAA-C03
Solutions Architect – Associate
questions
၆၅ ခု — အမှတ်ပေး ၅၀ + အမှတ်မပေး ၁၅ · multiple choice / multiple response
time
၁၃၀ မိနစ်
fee
USD 150
pass
scaled score ၁၀၀–၁,၀၀၀ မှာ ၇၂၀

AWS ပေါ်မှာ solution ကို design လုပ်ဖူးတာ အနည်းဆုံး ၁ နှစ် ရှိသူတွေအတွက် ရည်ရွယ်ထားတယ်လို့ AWS က ဆိုပါတယ်။ Service တစ်ခုချင်းကို မေးတာ မဟုတ်ဘဲ 「လုံခြုံ၊ မရပ်၊ မြန်၊ သက်သာ」 ဆိုတဲ့ requirement တွေကို ချိန်ပြီး design ရွေးခိုင်းပါတယ်။

English မိခင်ဘာသာ မဟုတ်ရင် — ESL +30။ English နဲ့ ဖြေမယ်ဆိုရင် အချိန် ၃၀ မိနစ် ပိုရအောင် AWS Certification account ကနေ စာမေးပွဲ မ book ခင် တစ်ခါ လျှောက်ထားရုံပါပဲ။ တစ်ခါ လျှောက်ထားရင် နောက်ဖြေမယ့် စာမေးပွဲတွေမှာလည်း အလိုလို ရပါတယ်။ (AWS — before testing)

အရင်းအမြစ် — CLF-C02 page · CLF-C02 exam guide · AIF-C01 page · AIF-C01 exam guide · SAA-C03 page · SAA-C03 exam guide — ၂၀၂၆ အောက်တိုဘာ ၁၈ ရက်နေ့က စစ်ထားပါတယ်။ စာမေးပွဲကြေးက ငွေလဲနှုန်းအရ ကွာနိုင်လို့ မဖြေခင် AWS မှာ ပြန်စစ်ပါ။

06 · EXAM GUIDE × CHAPTERS

AWS exam guide ရဲ့ domain တစ်ခုချင်းကို ဘယ်အခန်းမှာ သင်လဲ

AWS က domain တစ်ခုချင်းစီ စာမေးပွဲမှာ ဘယ်နှ % ပါမလဲ ဆိုတာကို ထုတ်ပြန်ထားပါတယ်။ အခန်းတိုင်းကို domain နဲ့ ချိတ်ထားပြီး mock exam ကလည်း အဲဒီ အချိုးအတိုင်း မေးခွန်း ထုတ်ပါတယ်။

CLF-C02 — Cloud Practitioner

domain ၄ ခု · အခန်း ၃၃ · မေးခွန်း ၄၀၅
1 · Cloud Concepts 24%
Cloud ရဲ့ အကျိုးကျေးဇူး၊ ဒီဇိုင်း မူ၊ ပြောင်းရွှေ့ခြင်း၊ ကုန်ကျစရိတ်
AWS task statements
  • 1.1 Benefits of the AWS Cloud
  • 1.2 Design principles (Well-Architected)
  • 1.3 Migration benefits & strategies (CAF)
  • 1.4 Cloud economics
ဒီသင်တန်း
အခန်း ၁–၃၊ ၃၀–၃၂
မေးခွန်း ၃၀ + mock ၆၆
2 · Security and Compliance 30%
တာဝန် ခွဲဝေမှု၊ IAM၊ root user၊ လုံခြုံရေး service များ
AWS task statements
  • 2.1 Shared responsibility model
  • 2.2 Security, governance & compliance
  • 2.3 Access management (IAM, MFA, least privilege)
  • 2.4 Security components & resources
ဒီသင်တန်း
အခန်း ၁၉–၂၃
မေးခွန်း ၂၅ + mock ၉၅
3 · Cloud Technology and Services 34%
Compute၊ network၊ storage၊ database၊ monitoring
AWS task statements
  • 3.1 Deploying & operating
  • 3.2 Global infrastructure
  • 3.3–3.6 Compute · database · network · storage
  • 3.7 AI/ML & analytics services
  • 3.8 Other in-scope services
ဒီသင်တန်း
အခန်း ၄–၁၈၊ ၂၄–၂၅
မေးခွန်း ၈၅ + mock ၅၁
4 · Billing, Pricing, and Support 12%
Pricing model၊ Budgets၊ Cost Explorer၊ Support plan
AWS task statements
  • 4.1 Pricing models
  • 4.2 Billing, budget & cost management
  • 4.3 Technical resources & Support options
ဒီသင်တန်း
အခန်း ၂၆–၂၉
မေးခွန်း ၂၀ + mock ၂၈
အခန်း ၃၃ (စာမေးပွဲ ဖြေနည်း) က domain တစ်ခုခုထဲ မပါပါဘူး — မေးခွန်း ၅ ခု။ · Source: AWS Certified Cloud Practitioner (CLF-C02) exam guide, checked 2026-10-18.
TODO(owner) Audit P0s (scratchpad/aws_audit.md): ch29 still teaches the old Support plans, ch26 the pre-2025-07-15 Free Tier; ~60 in-scope services (3.7/3.8: Athena, Kinesis, Glue, Quick Sight, Amazon Q, EventBridge…) appear in no chapter. Fix before launch or keep the copy above as is.

AIF-C01 — AI Practitioner

domain ၅ ခု · အခန်း ၃၀ · မေးခွန်း ၂၇၂
1 · Fundamentals of AI and ML 20%
AI၊ ML၊ deep learning၊ inference၊ ML lifecycle
AWS task statements
  • 1.1 Basic AI concepts & terminology
  • 1.2 Practical use cases for AI
  • 1.3 AI/ML development lifecycle
ဒီသင်တန်း
အခန်း ၁–၆
မေးခွန်း ၃၀ + mock ၂၄
2 · Fundamentals of GenAI 24%
Token၊ embedding၊ prompt၊ Bedrock၊ RAG
AWS task statements
  • 2.1 Basic concepts of generative AI
  • 2.2 Capabilities & limitations for business
  • 2.3 AWS infrastructure & technologies for GenAI
ဒီသင်တန်း
အခန်း ၇–၁၃
မေးခွန်း ၃၅ + mock ၂၈
3 · Applications of Foundation Models 28%
Model ရွေးခြင်း၊ fine-tuning၊ agent၊ အကဲဖြတ်ခြင်း
AWS task statements
  • 3.1 Design considerations for FM apps
  • 3.2 Prompt engineering techniques
  • 3.3 Training & fine-tuning
  • 3.4 Evaluating FM performance
ဒီသင်တန်း
အခန်း ၁၄–၂၁
မေးခွန်း ၄၀ + mock ၃၂
4 · Guidelines for Responsible AI 14%
Bias၊ fairness၊ explainability၊ guardrails
AWS task statements
  • 4.1 Developing responsible AI systems
  • 4.2 Transparent & explainable models
ဒီသင်တန်း
အခန်း ၂၂–၂၅
မေးခွန်း ၂၀ + mock ၁၉
5 · Security, Compliance, Governance for AI 14%
IAM၊ ဒေတာ ကာကွယ်ခြင်း၊ governance၊ audit
AWS task statements
  • 5.1 Securing AI systems
  • 5.2 Governance & compliance for AI
ဒီသင်တန်း
အခန်း ၂၆–၂၉
မေးခွန်း ၂၀ + mock ၁၉
အခန်း ၃၀ (စာမေးပွဲနေ့ နည်းဗျူဟာ) က domain တစ်ခုခုထဲ မပါပါဘူး — မေးခွန်း ၅ ခု။ · Source: AWS Certified AI Practitioner (AIF-C01) exam guide (version 1.1, published 30 Apr 2026 — revisions), checked 2026-10-18.
TODO(owner) v1.1 added agentic AI, MCP, context engineering, Amazon Bedrock AgentCore, Kiro, Strands Agents and Amazon Quick. Our chapters do not name AgentCore, Kiro, Strands or Amazon Quick yet — add them, or keep this LP from implying full v1.1 coverage.

SAA-C03 — Solutions Architect – Associate

domain ၄ ခု · အခန်း ၄၉ · မေးခွန်း ၄၇၉
1 · Design Secure Architectures 30%
IAM၊ multi-account၊ VPC လုံခြုံရေး၊ encryption
AWS task statements
  • 1.1 Secure access to AWS resources
  • 1.2 Secure workloads & applications
  • 1.3 Data security controls
ဒီသင်တန်း
အခန်း ၃–၉၊ ၁၂၊ ၃၆၊ ၃၉၊ ၄၇–၄၈
မေးခွန်း ၉၆ + mock ၃၄
2 · Design Resilient Architectures 26%
Multi-AZ၊ load balancing၊ Auto Scaling၊ DR၊ hybrid ချိတ်ဆက်မှု
AWS task statements
  • 2.1 Scalable & loosely coupled architectures
  • 2.2 Highly available / fault-tolerant architectures
ဒီသင်တန်း
အခန်း ၁၀–၁၁၊ ၁၄–၁၈၊ ၂၈၊ ၃၃၊ ၃၅၊ ၃၈၊ ၄၉
မေးခွန်း ၉၆ + mock ၂၁
3 · Design High-Performing Architectures 24%
Compute၊ storage၊ database ရွေးခြင်း၊ caching၊ edge၊ streaming
AWS task statements
  • 3.1 Storage
  • 3.2 Elastic compute
  • 3.3 Database
  • 3.4 Network architectures
  • 3.5 Data ingestion & transformation
ဒီသင်တန်း
အခန်း ၁၃၊ ၁၉–၂၂၊ ၂၉–၃၀၊ ၃၂၊ ၃၇၊ ၄၀–၄၁
မေးခွန်း ၈၈ + mock ၁၉
4 · Design Cost-Optimized Architectures 20%
Pricing model၊ storage tier၊ data transfer၊ NAT နဲ့ endpoint ကုန်ကျစရိတ်
AWS task statements
  • 4.1 Storage
  • 4.2 Compute
  • 4.3 Database
  • 4.4 Network architectures
ဒီသင်တန်း
အခန်း ၂၃–၂၅၊ ၃၁၊ ၃၄၊ ၄၂
မေးခွန်း ၄၈ + mock ၄၅
အခန်း ၁–၂ (စာမေးပွဲ မိတ်ဆက်၊ Region/AZ)၊ ၂၆–၂၇ (မေးခွန်း ဖတ်နည်း၊ English glossary) နဲ့ အခြေခံ ပြန်နွှေး အခန်း ၄၃–၄၆ က domain တစ်ခုခုထဲ မပါပါဘူး — မေးခွန်း ၃၂ ခု။ Mock exam က ၆၅ ခု၊ ၁၃၀ မိနစ်နဲ့ domain အချိုး ၃၀/၂၆/၂၄/၂၀ အတိုင်း ထုတ်ပါတယ်။ · Source: AWS Certified Solutions Architect – Associate (SAA-C03) exam guide, checked 2026-10-18.
TODO(owner) Our mock passes at 72% of raw questions (MockExamController); AWS's 720 is a scaled score, not 72%. The page never equates them — keep it that way.

လက်ရှိ မပါသေးတာတွေကို ရိုးရိုးသားသား ပြောရရင်

Domain တိုင်းကို အခန်းနဲ့ ချိတ်ထားပေမဲ့ exam guide ထဲက အကြောင်းအရာ အားလုံးကို မလွှမ်းခြုံရသေးပါဘူး။

  • AIF — AWS က exam guide version 1.1 (၂၀၂၆ ဧပြီ ၃၀) မှာ agentic AI၊ MCP၊ context engineering နဲ့ Amazon Bedrock AgentCore၊ Kiro၊ Strands Agents၊ Amazon Quick ကို ထပ်ထည့်ထားပါတယ်။ ဒီအပိုင်းတွေကို သင်ခန်းစာထဲ ထည့်နေဆဲမို့ AWS ရဲ့ exam guide နဲ့ပါ တွဲဖတ်ဖို့ အကြံပြုပါတယ်။
  • CLF — Domain 3 ထဲက analytics၊ migration၊ developer tool စတဲ့ service တချို့ကို အခန်းထဲ မထည့်ရသေးပါဘူး။ Support plan နဲ့ Free Tier အပြောင်းအလဲ (အောက်မှာ) ကိုလည်း သင်ခန်းစာထဲ update လုပ်နေဆဲပါ။
  • SAA — Task 3.5 (data lake၊ streaming၊ analytics) ကို အခန်း ၄၁ တစ်ခန်းတည်းမှာပဲ သင်ပြီး Lake Formation၊ EMR၊ Amazon Quick၊ OpenSearch၊ MSK ကို နာမည်တောင် မဖော်ပြရသေးပါဘူး။ Comprehend၊ Rekognition လို AI service တွေ၊ RDS Proxy၊ X-Ray၊ Gateway Load Balancer၊ EC2 hibernation၊ S3 Requester Pays၊ AWS Config လည်း မပါသေးပါဘူး။ ECS/EKS၊ Step Functions၊ EventBridge၊ Kinesis ကို အခန်း တစ်ခန်းစီမှာပဲ သင်ရလို့ အကြောင်းအရာ ပါးပါသေးတယ်။

TODO(owner) SAA also never names: Inspector, Security Hub, Firewall Manager, CloudHSM, Directory Service, Outposts, Elastic Beanstalk, Amazon MQ, AppFlow, DocumentDB, Compute Optimizer, Cost and Usage Report, Service Catalog, Wavelength. Most are one-line "which service" answers — a single round-up chapter would close the bulk of it.

07 · SAMPLE QUESTIONS

သင်တန်းထဲက မေးခွန်း သုံးခု

သင်တန်းထဲမှာ တကယ် ဖြေရမယ့် မေးခွန်းတွေပါ။ အရင် ဖြေကြည့်ပြီးမှ အဖြေနဲ့ ရှင်းလင်းချက်ကို ဖွင့်ကြည့်ပါ။ မှားတဲ့ ရွေးချယ်စရာ တစ်ခုချင်းစီ ဘာကြောင့် မှားလဲ ဆိုတာပါ ရှင်းပြထားပါတယ်။

CLF · Domain 3 · ch13 · network ACL

An administrator allowed outbound traffic in a network ACL, but responses to those requests are being blocked on the way back. What explains this?

  1. Network ACLs are stateless, so inbound rules are also required
  2. Security groups override network ACLs
  3. The subnet is private
  4. The internet gateway is missing
အဖြေနဲ့ ရှင်းလင်းချက်

Answer — A

network ACL က stateless ဖြစ်လို့ ထွက်သွားတဲ့ traffic ကို မှတ်မထားပါဘူး။ ပြန်ဝင်လာတဲ့ response ကိုလည်း စည်းမျဉ်းနဲ့ ပြန်စစ်တာမို့၊ အဝင် စည်းမျဉ်းပါ ရေးပေးရပါတယ်။

security group က network ACL ကို မကျော်ပါဘူး — အလွှာ နှစ်ခုစလုံး ဖြတ်ရပါတယ်။ private subnet ဒါမှမဟုတ် IGW မရှိရင် အပြင်ကို ထွက်လို့ကို မရပါဘူး။

AIF · Domain 2 · ch12 · RAG

TODO(owner) Stem and explanation are the AIF bank's text verbatim (literary Burmese, no English stem — audit). Revise the bank, then copy here.

ကုမ္ပဏီ မူဝါဒ စာရွက်များ နေ့စဉ် ပြောင်းလဲသည် — ဘယ်နည်းလမ်း အသင့်တော်ဆုံးလဲ။

  1. အစမှ လေ့ကျင့်ခြင်း
  2. RAG
  3. Fine-tuning
  4. Continued pre-training
အဖြေနဲ့ ရှင်းလင်းချက်

Answer — B

ဒေတာ မကြာခဏ ပြောင်းလျှင် RAG ဖြစ်သည်။ Fine-tuning က ပြောင်းတိုင်း ပြန်လေ့ကျင့်ရသောကြောင့် မသင့်တော်ပါ။

Documents Chunks +embeddings Vectorstore Question Foundationmodel Answer answer grounded in retrieved text
SAA · Domain 2 · ch17 · Multi-AZ

TODO(owner) Stem and options are the exam bank's verbatim (aws-saa-exam.json ch17 #4). The Burmese explanation is the bank's, lightly smoothed (sentence order, 「」 quoting, one clause on the single endpoint added) — copy the change back to the bank or revert here.

A company runs a MySQL database on Amazon RDS in a single Availability Zone. The business requires that the database survives the loss of an Availability Zone with no data loss. What should a solutions architect recommend?

  1. Create a read replica in a second Availability Zone
  2. Enable Multi-AZ deployment for the DB instance
  3. Take automated snapshots every hour
  4. Migrate the database to Amazon DynamoDB
အဖြေနဲ့ ရှင်းလင်းချက်

Answer — B

「AZ တစ်ခု ပျက်လည်း ဒေတာ မပျောက်ရ」 ဆိုရင် Multi-AZ ပါ။ Standby ဆီ synchronous နဲ့ ကူးထားလို့ RPO က ၀ နီးပါး ဖြစ်ပြီး primary ပျက်ရင် endpoint တစ်ခုတည်းနဲ့ အလိုအလျောက် ပြောင်းပေးပါတယ်။

Read replica က asynchronous ဖြစ်လို့ ဒေတာ နည်းနည်း ပျောက်နိုင်ပြီး ရည်ရွယ်ချက်က ဖတ်တဲ့ ဝန်ကို ခွဲဖို့ပါ။ နာရီတိုင်း snapshot ဆိုရင် တစ်နာရီစာအထိ ပျောက်နိုင်ပါတယ်။ DynamoDB ကို ပြောင်းရင် MySQL မဟုတ်တော့လို့ application ကို ပြန်ရေးရပါမယ်။

Multi-AZ Read replica primary standby primary replica sync async AZ aAZ b RPO ≈ 0auto failoverno reads lag → data lossscales readsmanual promote resilience ≠ read performance

CLF အခန်း ၁၃ ဗီဒီယို နမူနာ (၂၃ စက္ကန့်)။ အသံနဲ့ စာတန်းက မြန်မာလို၊ သင်တန်းထဲမှာ English အသံလည်း ရွေးလို့ ရပါတယ်။

08 · WHAT'S INSIDE

သင်တန်းထဲမှာ ဘာတွေ ပါလဲ

အခန်းတိုင်းမှာ ရှင်းလင်းချက် ဖတ်၊ မေးခွန်း ၅–၈ ခု ဖြေပြီး အဆုံးမှာ စာမေးပွဲ ပုံစံ mock exam နဲ့ ကိုယ့်အဆင့်ကို စစ်ပါတယ်။

Cloud Practitioner · CLF-C02

  • 33အခန်း — မြန်မာလို ရှင်းလင်းချက်၊ ပုံနဲ့ ဥပမာ
  • 33ဗီဒီယို တို — တစ်ပိုင်း ၂ မိနစ်ခန့်၊ English အသံနဲ့ မြန်မာ စာတန်းထိုး
  • 165အခန်းဆုံး မေးခွန်း (တစ်ခန်း ၅ ခု)
  • 240Mock exam မှာသာ ထွက်တဲ့ မေးခွန်း — အခန်းထဲမှာ မတွေ့ရလို့ အလွတ်ကျက်ပြီး ဖြေလို့ မရပါဘူး
  • 65မေးခွန်း၊ ၉၀ မိနစ် mock exam — exam guide ရဲ့ domain အချိုးအတိုင်း
  • PDFဖတ်စာအုပ် (textbook)
  • 24လက်တွေ့ အခြေအနေ လေ့ကျင့်ခန်း — 「ဒီလို လုပ်ရင် ဘာမှားနေလဲ」 ပုံစံ

AI Practitioner · AIF-C01

  • 30အခန်း — မြန်မာလို ရှင်းလင်းချက်၊ ပုံနဲ့ ဥပမာ
  • 150အခန်းဆုံး မေးခွန်း (တစ်ခန်း ၅ ခု)
  • 122Mock exam မှာသာ ထွက်တဲ့ မေးခွန်း
  • 65မေးခွန်း၊ ၉၀ မိနစ် mock exam — exam guide ရဲ့ domain အချိုးအတိုင်း
  • 21လက်တွေ့ အခြေအနေ လေ့ကျင့်ခန်း — 「ဒီလို လုပ်ရင် ဘာမှားနေလဲ」 ပုံစံ
  • —TODO ဗီဒီယို — live ဖြစ်မဖြစ် အတည်ပြုပြီးမှ ထည့်ရန်

Solutions Architect · SAA-C03

  • 49အခန်း — သင်ခန်းစာ ၃၉ ခန်း (စာမေးပွဲ ဖြေနည်း ပါ)၊ ကိုယ့် account ပေါ်မှာ ဆောက်ကြည့်တဲ့ hands-on ၆ ခန်း၊ အခြေခံ ပြန်နွှေး ၄ ခန်း
  • 49ဗီဒီယို တို — တစ်ပိုင်း ၁–၃ မိနစ်၊ စုစုပေါင်း ၉၅ မိနစ်ခန့်၊ English အသံနဲ့ မြန်မာ စာတန်းထိုး
  • 360အခန်းဆုံး မေးခွန်း (တစ်ခန်း ၈ ခု)
  • 119Mock exam မှာသာ ထွက်တဲ့ မေးခွန်း — တကယ့် စာမေးပွဲလို English scenario ပုံစံ
  • 65မေးခွန်း၊ ၁၃၀ မိနစ် mock exam — exam guide ရဲ့ domain အချိုးအတိုင်း
  • 20Design အခြေအနေ လေ့ကျင့်ခန်း — 「သင် ဘာပြောမလဲ」 ပုံစံ

ဘာသာစကား အကြောင်း ရိုးရိုးသားသား ပြောရရင်

CLF — ဗီဒီယိုထဲက အသံက English (စက်အသံ) ဖြစ်ပြီး မြန်မာ စာတန်းထိုး ပါပါတယ်။ သင်ခန်းစာနဲ့ မေးခွန်း ရှင်းလင်းချက်တွေကတော့ မြန်မာလိုပါ။ မေးခွန်းတွေကိုတော့ တကယ့် စာမေးပွဲလိုပဲ English နဲ့ ရေးထားလို့ စာမေးပွဲခန်းထဲမှာ တွေ့ရမယ့် စကားလုံးတွေနဲ့ ကြိုပြီး ရင်းနှီးနေပြီးသား ဖြစ်ပါလိမ့်မယ်။

AIF — မေးခွန်းနဲ့ ရှင်းလင်းချက်တွေကို မြန်မာလို ရေးထားပြီး နည်းပညာ စကားလုံးတွေကို English အတိုင်း ထားပါတယ်။ တကယ့် စာမေးပွဲက English ဖြစ်လို့ မဖြေခင် AWS ရဲ့ English sample question တွေနဲ့ပါ လေ့ကျင့်ထားဖို့ အကြံပြုပါတယ်။

SAA — ဗီဒီယိုက CLF လိုပဲ English အသံ၊ မြန်မာ စာတန်းထိုးပါ။ အခန်းဆုံး မေးခွန်းနဲ့ ရှင်းလင်းချက်က မြန်မာလို၊ mock မှာသာ ထွက်တဲ့ ၁၁၉ ခုကတော့ တကယ့် စာမေးပွဲလို English scenario နဲ့ ရေးထားပြီး ရှင်းလင်းချက်က မြန်မာလိုပါ။

Lab — CLF နဲ့ AIF မှာ AWS account ပေါ်မှာ လိုက်လုပ်ရတဲ့ lab မပါပါဘူး။ SAA မှာတော့ hands-on အခန်း ၆ ခန်း ပါပါတယ် — ဘာ ဆောက်ရမလဲ၊ ဘာ ဖြစ်သင့်လဲ၊ ကုန်ကျစရိတ်မှာ ဘာကို သတိထားရမလဲ ဆိုတာကို ရေးထားပေးပြီး console ခလုတ် တစ်ခုချင်းစီကိုတော့ ကိုယ်တိုင် ရှာရပါမယ်။ ကိုယ့် account နဲ့ ဆောက်ရလို့ budget alert အရင် ထားပြီးမှ စမ်းပါ။ TODO(owner) Confirm there is no guided AWS lab in aws-clf / aws-aif before launch; if there is one, rewrite this line. SAA ch31–36 are self-directed build briefs (ch31 says it does not list the buttons on purpose).

09 · CHANGELOG

စာမေးပွဲနဲ့ ဆိုင်တဲ့ AWS ပြောင်းလဲမှုတွေ

AWS က service နာမည်နဲ့ စည်းကမ်းတွေကို မကြာခဏ ပြောင်းပါတယ်။ ဖြေမယ့်သူ သိထားသင့်တာတွေကို ဒီမှာ စုထားပါတယ်။

Amazon Q Business closed to new customers — Amazon Quick is the successor

Q Business က customer အသစ် လက်မခံတော့ဘဲ အစားထိုးအနေနဲ့ Amazon Quick ကို AWS က ညွှန်းထားပါတယ်။ AIF exam guide မှာလည်း 「Amazon Quick」 ဆိုတဲ့ နာမည်ကို တွေ့ရပါမယ်။

AIF-C01 exam guide version 1.1

Agentic AI၊ MCP၊ context engineering နဲ့ Amazon Bedrock AgentCore၊ Kiro၊ Strands Agents၊ Amazon Quick တို့ AI Practitioner စာမေးပွဲထဲ ဝင်လာပါတယ်။ ဒီသင်တန်းမှာ ဒီအပိုင်းကို ထည့်နေဆဲပါ (အပေါ်မှာ ကြည့်ပါ)။

Amazon Q Developer IDE plugins reach end of support on 2027-04-30 — move to Kiro

Code ရေးတဲ့ AI tool က Q Developer ကနေ Kiro ဆီ ပြောင်းနေပါတယ် (အသစ် စာရင်းသွင်းတာ ၂၀၂၆ မေ ၁၅ ကစ ပိတ်)။ AWS console ထဲက Amazon Q ကတော့ ဆက်ရှိပါတယ်။ AIF မှာ ဒီနှစ်ခုကို ခွဲသိဖို့ လိုပါတယ်။

Machine Learning – Specialty retired; Generative AI Developer – Professional now open

ML Specialty ကို ဖြေနိုင်တဲ့ နောက်ဆုံးနေ့ပါ။ AWS ရဲ့ AI certificate လမ်းကြောင်းမှာ AI Practitioner က အခြေခံအဆင့် ဖြစ်လို့ AI ဘက် သွားမယ့်သူတွေရဲ့ ပထမ ခြေလှမ်းပါ။

New AWS Support plans: Business Support+, Enterprise Support, Unified Operations

Business Support က ၂၀၂၅ ဒီဇင်ဘာ ၂ ရက်ကစပြီး အသစ် လက်မခံတော့ဘဲ Developer၊ Business၊ Enterprise On-Ramp လို plan ဟောင်းတွေ ၂၀၂၇ ဇန်နဝါရီ ၁ ရက်မှာ ရပ်ပါမယ်။ CLF Domain 4 အတွက် plan နာမည်အသစ်တွေကို သိထားပါ။

AWS Free Tier: up to $200 in credits and a 6-month free plan for new accounts

၂၀၂၅ ဇူလိုင် ၁၅ ရက်နောက်ပိုင်း ဖွင့်တဲ့ အကောင့်သစ်တွေမှာ 「၁၂ လ အခမဲ့」 မရှိတော့ဘဲ credit နဲ့ ၆ လ free plan ဖြစ်သွားပါတယ်။ လက်တွေ့ စမ်းမယ်ဆိုရင် ဘယ်လောက်ထိ အခမဲ့ သုံးလို့ရလဲ အရင် စစ်ထားပါ။

last updated · 2026-10-18

$ aws-cert start

ရှင်းပြနိုင်တဲ့ အဆင့်ကနေ ဒီဇိုင်းဆွဲနိုင်တဲ့ အဆင့်အထိ

Networking၊ CLF၊ AIF၊ SAA — ဘယ်ကနေ စရမလဲ ဆိုတာ ၆–၈ မိနစ်အတွင်း စစ်ကြည့်ပါ။ ဒါမှမဟုတ် account မလိုဘဲ မေးခွန်းအစစ် ၁၀ ခု အရင် စမ်းဖြေကြည့်ပါ။

သင်တန်းကြေး၊ ဆရာ၊ FAQ — /aws မှာ ကြည့်ရန် · ← /aws ကို ပြန်သွားမယ်

ဘယ်ကနေ စရမလဲ၆–၈ မိနစ် · အခမဲ့
စစ်ကြည့်မယ်