OWNER NOTES visible (?notes=1). Clear every TODO before the campaign.
ကိုယ့်အတွက် ဘယ်လမ်းကြောင်းလဲ? မေးခွန်း ၅ ခုနဲ့ ရှာကြည့်ပါလမ်းကြောင်း ရှာကြည့်မယ် →

Perfect Master · ကိုယ့်အချိန်နဲ့ကိုယ် လေ့လာရတဲ့ သင်တန်း

ဘာသာရပ် တစ်ခုကို ရွေးပြီး
ကိုယ်တိုင် ဖန်တီးတတ်တဲ့အထိ

Python Data၊ Web၊ PHP၊ Java၊ Python Web ထဲက တစ်ခုကို ရွေးလိုက်ရုံပါပဲ။ သင်ရမယ့် သင်တန်းတွေကို Git ကနေ နောက်ဆုံး project အထိ အစဉ်လိုက် စီထားပြီးသားမို့ ဘာဆက်သင်ရမလဲ ကိုယ်တိုင် ရှာနေစရာ မလိုတော့ဘူး။

လမ်းကြောင်း
5
တစ်လမ်းကြောင်းမှာ
56–105 ခန်း
သင်တန်းကြေး (ကျပ်)
165,000 ကနေ
ကြည့်လို့ရတဲ့ ကာလ
365 ရက်
အခန်းဆုံး မေးခွန်း မျက်နှာပြင် — code ပါတဲ့ မေးခွန်း
Python အခန်း ၅ သင်ခန်းစာ မျက်နှာပြင် — အပေါ်မှာ ဗီဒီယို၊ အောက်မှာ စာ

တကယ့် သင်တန်း မျက်နှာပြင်ပါ · Python အခန်း ၅

ဘယ်လမ်းကြောင်းနဲ့ စမလဲ

ဘာ ဖန်တီးချင်လဲဆိုတာကနေ ရွေးကြည့်ပါ။ လမ်းကြောင်းတိုင်းက Git နဲ့ စပြီး ကိုယ်တိုင် ဖန်တီးရတဲ့ project နဲ့ ပြီးပါတယ်။ ပါဝင်တဲ့ သင်တန်းတွေကို တစ်ခုချင်း ဝယ်တာထက် ၂၀% လောက် သက်သာပါတယ်။

Python Data

ဒေတာကို Python နဲ့ သန့်ရှင်း၊ ခွဲခြမ်းပြီး မေးခွန်းတစ်ခုကို chart နဲ့ ဖြေတတ်တဲ့အထိ

ဒေတာ၊ report၊ analyst အလုပ်ကို စိတ်ဝင်စားသူအတွက်

  1. Git
  2. Python
  3. Database
  4. Data Analysis
  • 56ခန်း
  • ~82မိနစ် ဗီဒီယို
  • 256မေးခွန်း
  • 4workbook

165,000 ကျပ်

တစ်ခုချင်းဆို 205,000 · 40,000 သက်သာ

Messenger မှာ စာရင်းသွင်းမယ်

Web

ဝဘ်ဆိုက်ကို ကိုယ်တိုင် ဖန်တီး၊ internet ပေါ် တင်ပြီး link ပို့ပြလို့ရတဲ့အထိ

website ဖန်တီးချင်သူ၊ frontend ကနေ စချင်သူအတွက်

  1. Git
  2. HTML/CSS/JS
  3. Networking
  4. Projects
  • 74ခန်း
  • ~141မိနစ် ဗီဒီယို
  • 324မေးခွန်း
  • 4workbook

215,000 ကျပ်

တစ်ခုချင်းဆို 270,000 · 55,000 သက်သာ

Messenger မှာ စာရင်းသွင်းမယ်

PHP

login ဝင်လို့ရတဲ့ ဝဘ်စနစ် တစ်ခုလုံးကို PHP နဲ့ ဖန်တီးတတ်တဲ့အထိ

ဆိုင်တွေ၊ ကုမ္ပဏီတွေ သုံးတဲ့ ဝဘ်စနစ်မျိုး ဖန်တီးချင်သူအတွက်

  1. Git
  2. HTML/CSS/JS
  3. PHP
  4. Database
  • 76ခန်း
  • ~94မိနစ် ဗီဒီယို
  • 326မေးခွန်း
  • 4workbook

220,000 ကျပ်

တစ်ခုချင်းဆို 275,000 · 55,000 သက်သာ

Messenger မှာ စာရင်းသွင်းမယ်

Java

Java OOP ကနေ Spring Boot နဲ့ REST API ဖန်တီးတဲ့ backend အလုပ်အထိ

ကုမ္ပဏီတွေရဲ့ backend ဘက် အလုပ်ကို ရည်မှန်းသူအတွက်

  1. Git
  2. Java (OOP)
  3. Database
  4. Spring Boot
  5. Projects

အခန်းစာရင်းနဲ့ capstone အသေးစိတ် Java Silver စာမေးပွဲ ပြင်ဆင်မှု · 70,000 ကျပ်

  • 79ခန်း
  • ~126မိနစ် ဗီဒီယို
  • 355မေးခွန်း
  • 5workbook

230,000 ကျပ်

တစ်ခုချင်းဆို 310,000 · 80,000 သက်သာ

Messenger မှာ စာရင်းသွင်းမယ်

Python Web

Django နဲ့ login၊ form၊ admin ပါတဲ့ web app ဖန်တီးပြီး server ပေါ် တင်တဲ့အထိ

Python နဲ့ web app တစ်ခုလုံး ဖန်တီးချင်သူအတွက် · Django ပါတာ ဒီလမ်းကြောင်း တစ်ခုတည်းပါ

  1. Git
  2. HTML/CSS/JS
  3. Python
  4. Database
  5. Django
  • 105ခန်း
  • ~140မိနစ် ဗီဒီယို
  • 442မေးခွန်း
  • 5workbook

295,000 ကျပ်

တစ်ခုချင်းဆို 370,000 · 75,000 သက်သာ

Messenger မှာ စာရင်းသွင်းမယ်

ကြေးအားလုံး ကျပ်ငွေနဲ့ပါ။ တစ်ခါပေးရုံပါပဲ၊ လစဉ်ကြေး မရှိပါဘူး။ ရက် ၃၆၅ ရက် ကြည့်လို့ရပါတယ်။ “တစ်ခုချင်းဆို” ဆိုတာ ပါဝင်တဲ့ သင်တန်းတွေကို သီးသန့် ဝယ်ရင် ကျမယ့် စုစုပေါင်းပါ။

အခန်း တစ်ခန်းမှာ ဘာတွေ လုပ်ရလဲ

Python အခန်း ၅ (Function) ကို ဥပမာ ယူပြထားပါတယ်။ အောက်က ဗီဒီယို၊ code၊ လေ့ကျင့်ခန်း၊ မေးခွန်းတွေ အားလုံး တကယ့် သင်ခန်းစာထဲက အတိုင်းပါ။

  1. 1

    ဗီဒီယိုနဲ့ အရင် မြင်ကြည့်

    အခန်းတိုင်းရဲ့ အဓိကအချက်ကို ဗီဒီယို ၁–၃ မိနစ်နဲ့ ပုံဆွဲပြီး ပြပါတယ်။ ဆလိုက်နဲ့ အသံက English၊ စာတန်းက မြန်မာလိုပါ။ ဒီနမူနာက ၂၂ စက္ကန့်စာပါ။ function ထဲကို တန်ဖိုးဝင်ပြီး return နဲ့ ပြန်ထွက်လာပုံကို ပြထားပါတယ်။

  2. 2

    စာဖတ်ပြီး code ကို နားလည်

    ဗီဒီယိုအောက်မှာ အသေးစိတ် ရှင်းပြချက် ရှိပါတယ်။ ရှင်းပြတာက မြန်မာလို၊ code နဲ့ ဝေါဟာရတွေကတော့ အလုပ်ထဲမှာ သုံးတဲ့အတိုင်း English ပါ။ အရင်သင်ခဲ့တဲ့ JavaScript နဲ့ ယှဉ်ပြီး ရှင်းထားတော့ သင်တန်းတစ်ခုနဲ့တစ်ခု အဆက်မပြတ်ပါဘူး။

    def greet(name, greeting="Hello"):
        return f"{greeting}, {name}!"
    
    print(greet("Aung Aung"))
    print(greet("Su Su", "Hi"))
    Hello, Aung Aung!
    Hi, Su Su!

    web-basics မှာ JavaScript နဲ့ function add(a, b) { return a + b; } လို့ ရေးခဲ့တယ်။ Python မှာတော့ def add(a, b): ပြီး indent နဲ့ ရေးတယ်၊ { } မလိုပါဘူး။

  3. 3

    ကိုယ်တိုင် ရေးပြီး run ကြည့်

    သင်တန်းတိုင်းမှာ workbook ပါပါတယ်။ ဘာလုပ်ရမလဲ၊ ဘာထွက်လာရမလဲကို အရင်ပြထားပြီး အဖြေကို နောက်ဆုံးမှ ဖွင့်ကြည့်ရပါတယ်။ ကိုယ့်ကွန်ပျူတာက VS Code မှာ ရေးပြီး run ရပါတယ်။

    Workbook လေ့ကျင့်ခန်း ၂ · Temperature Converter

    Celsius ကို Fahrenheit ပြောင်းပေးတဲ့ function ရေးပါ (F = C × 9/5 + 32)။ ဒီလို ထွက်လာရင် မှန်ပါပြီ။

    0C = 32.0F
    25C = 77.0F
    37C = 98.6F
    100C = 212.0F
    အဖြေ ကြည့်မယ်
    def to_fahrenheit(c):
        return c * 9 / 5 + 32
    
    for c in [0, 25, 37, 100]:
        print(f"{c}C = {to_fahrenheit(c)}F")
  4. 4

    မေးခွန်းနဲ့ ပြန်စစ်

    အခန်းဆုံးမှာ မေးခွန်းတွေ ရှိပါတယ်။ ဒီလို code ကိုဖတ်ပြီး ဘာထွက်မလဲ ဖြေရတာမျိုးလည်း ပါပါတယ်။ မှားရင် ဘာကြောင့် မှားလဲ ရှင်းပြထားပါတယ်။ နမူနာ မေးခွန်း တစ်ခု ဖြေကြည့်ပါ။

    ဒီ code က ဘာ print ထုတ်မလဲ။

    def greet(name, greeting="Hello"):
        return f"{greeting}, {name}!"
    
    print(greet("Kyaw Kyaw"))
    • Hello, Kyaw Kyaw!
    • Kyaw Kyaw, Hello!
    • None
    • TypeError: missing argument
    အဖြေနဲ့ ရှင်းပြချက်

    Hello, Kyaw Kyaw! — greeting မှာ default တန်ဖိုး ရှိလို့ မထည့်ရင် Python က "Hello" ကို သုံးပါတယ်။ name တစ်ခုတည်းကိုပဲ မဖြစ်မနေ ထည့်ရတာမို့ TypeError မတက်ပါဘူး။

ဖုန်းနဲ့ပဲ လေ့လာလို့ရပါတယ်

App ထည့်စရာ မလိုပါဘူး၊ browser နဲ့ ဖွင့်ရုံပါပဲ။ code ရေးတဲ့ အပိုင်းအတွက်တော့ ကွန်ပျူတာ လိုပါမယ်။

Python အခန်း ၅ မျက်နှာပြင် — အပေါ်မှာ ဗီဒီယို၊ အောက်မှာ သင်ခန်းစာ စာ
ဗီဒီယိုနဲ့ စာ တစ်နေရာတည်းမှာအမြန်နှုန်းကို 0.75× ကနေ 1.75× အထိ ပြောင်းလို့ရတယ်။ စာပဲ ဖတ်ချင်ရင် ဗီဒီယိုကို ပိတ်ထားလို့ရတယ်။
အခန်းဆုံး မေးခွန်း — code ပါတဲ့ မေးခွန်းနဲ့ EN / မြန်မာ ပြောင်းခလုတ်
အခန်းဆုံး မေးခွန်းမေးခွန်းတိုင်းကို English နဲ့ မြန်မာ ပြောင်းဖတ်လို့ရတယ်။
Python workbook — လုပ်ရမယ့်အလုပ်၊ ထွက်ရမယ့် အဖြေ၊ အဖြေ ကြည့်ရန် ခလုတ်
Workbookလုပ်ရမယ့်အလုပ်၊ ထွက်ရမယ့်ရလဒ်၊ ပြီးမှ အဖြေ code ဆိုတဲ့ အစဉ်အတိုင်းပါ။
My Page — XP၊ ရက်ဆက် လေ့လာမှု၊ ပြီးဆုံးတဲ့ သင်ခန်းစာ၊ လက်မှတ်
ကိုယ့်တိုးတက်မှုပြီးတဲ့အခန်း၊ ရက်ဆက် လေ့လာခဲ့တဲ့ရက်၊ ရထားတဲ့ လက်မှတ်တွေကို တစ်နေရာတည်းမှာ ကြည့်လို့ရတယ်။
  • တစ်ခန်းပြီးမှ နောက်တစ်ခန်း ပွင့်ဗီဒီယိုကို ၉၀% ကြည့်ပြီး မေးခွန်းအောင်ရင် အဲဒီအခန်းကို ပြီးပြီလို့ အလိုလို မှတ်ပေးပါတယ်။ ဘယ်ကဆက်ရမလဲ ခေါင်းစားစရာ မလိုပါဘူး။
  • သင်တန်းပြီးရင် လက်မှတ်သင်တန်းတစ်ခုရဲ့ အခန်းအားလုံး ပြီးရင် ကိုယ့်နာမည်နဲ့ လက်မှတ် ထုတ်ပေးပါတယ်။ လက်မှတ်နံပါတ်နဲ့ online မှာ ဟုတ်မဟုတ် စစ်လို့ရပါတယ်။
  • Error တက်ရင် လူက ဖြေပေးနားမလည်တာ၊ error တက်တာကို Messenger မှာ screenshot နဲ့ မေးလို့ရပါတယ်။ ၃၆၅ ရက်အတွင်း သင်ခန်းစာ ပြင်တာ၊ အသစ်ထည့်တာတွေကို အပိုကြေး မပေးရဘဲ ကြည့်လို့ရပါတယ်။

၂ နှစ် IT Program နဲ့ ဘယ်ဟာ ယူရမလဲ

skill တစ်ခုကိုပဲ လိုရင် Perfect Master။ ITPEC နဲ့ ဂျပန်စာပါ တွဲပြီး ဂျပန် IT အလုပ်အတွက် ပြင်ဆင်ချင်ရင်တော့ IT Program ပါ။

နောက်မှ IT Program ကို ဆက်ယူမယ်ဆိုရင် အစကတည်းက IT Program ကို ရွေးပါ။ Perfect Master အတွက် ပေးထားတဲ့ကြေးကို IT Program ကြေးထဲက နုတ်ပေးတာ မရှိလို့ ထပ်နေတဲ့ သင်တန်းတွေအတွက် နှစ်ခါ ပေးရသလို ဖြစ်သွားပါမယ်။

၂ နှစ် IT Program ကို ကြည့်မယ်
Perfect Master၂ နှစ် IT Program
ဘယ်သူ့အတွက်ဘာသင်မလဲ ဆုံးဖြတ်ပြီးသူIT ကို အခြေခံကနေ စချင်သူ
သင်တန်း၄–၅ ခု
အခန်း ၅၆–၁၀၅
တစ်နှစ်ကို ၉ ခု
အခန်း ၃၅၅ / ၂၇၆
ITPEC (IP၊ FE)မပါပါ
ဂျပန်စာမပါN5၊ N4 → N3
ကာလရက် ၃၆၅ ရက်တစ်နှစ်ချင်း ဒါမှမဟုတ် ၂ နှစ်
ကြေး165,000–295,000တစ်နှစ် 450,000 ကနေ

မယူခင် သိထားစေချင်တာ

  • IT ကို ဘယ်ကစရမလဲ မသိသေးရင်ကွန်ပျူတာ အခြေခံကနေ စတဲ့ ၂ နှစ် IT Program က ပိုကိုက်ပါတယ်။ Perfect Master က programming ကို အစကနေ သင်ပေးပေမဲ့ ကွန်ပျူတာ သုံးတတ်ပြီးသားလို့ ယူဆထားပါတယ်။
  • ITPEC နဲ့ ဂျပန်စာ မပါပါဘူးလိုရင် ITPEC နဲ့ ဂျပန်စာ သင်တန်းကို သီးသန့် ကြည့်ပါ။
  • Live class မပါပါဘူးဗီဒီယိုနဲ့ ကိုယ့်အချိန်နဲ့ကိုယ် လေ့လာရတဲ့ သင်တန်းပါ။ မေးချင်တာကိုတော့ Messenger မှာ မေးလို့ရပါတယ်။
  • အလုပ်ကို အာမခံ မပေးပါဘူးskill သင်တန်းပါ။ အလုပ်၊ လစာ၊ ဗီဇာကို ကျွန်တော်တို့ ကတိ မပေးနိုင်ပါဘူး။ ကိုယ်တိုင် ဖန်တီးထားတဲ့ project ကိုတော့ ပြစရာ ရလာပါမယ်။

မေးလေ့ရှိတာတွေ

ဒီမှာ မပါတာကို Messenger မှာ မေးပါ။

Programming လုံးဝ မရေးဖူးဘူး။ စလို့ရလား?

ရပါတယ်။ လမ်းကြောင်းတိုင်းမှာ Git နဲ့ ပထမဆုံး programming ဘာသာစကားကို အစကနေ သင်ပါတယ်။ ကွန်ပျူတာ သုံးပုံကိုပါ အခြေခံကနေ သင်ချင်ရင်တော့ ၂ နှစ် IT Program က ပိုအဆင်ပြေပါတယ်။

ဘယ်လမ်းကြောင်း ရွေးရမလဲ မသိဘူး

ဘာ ဖန်တီးချင်လဲကနေ စဉ်းစားကြည့်ပါ။ data ဆိုရင် Python Data၊ website ဆိုရင် Web၊ login ပါတဲ့ ဝဘ်စနစ်ဆိုရင် PHP ဒါမှမဟုတ် Python Web၊ ကုမ္ပဏီ backend ဆိုရင် Java။ မဆုံးဖြတ်နိုင်သေးရင် Messenger မှာ ကိုယ့်အခြေအနေကို ပြောပြပါ၊ တိုင်ပင်ပေးပါမယ်။

ဗီဒီယိုမှာ ရှင်းပြတာက AI လား၊ လူလား?

ဗီဒီယိုထဲက ဆရာမပုံနဲ့ အသံက AI နဲ့ လုပ်ထားတာပါ။ ဘာသင်မလဲ၊ ဘယ်အစဉ်နဲ့ သင်မလဲ၊ ဘယ် code ရေးမလဲကိုတော့ ကျွန်တော်တို့ အဖွဲ့က စီစဉ်ပြီး code အားလုံးကို တကယ် run ကြည့်ပြီးမှ တင်ပါတယ်။ AI အသံသုံးတော့ version အသစ်ထွက်ရင် ဗီဒီယိုကို မြန်မြန် ပြင်ပေးနိုင်ပါတယ်။ မေးတာကိုတော့ Messenger မှာ လူက ပြန်ဖြေပါတယ်။

သင်တန်း တစ်ခုတည်း ဝယ်လို့ရလား?

ရပါတယ်။ သင်တန်းတိုင်းကို သီးသန့် ဝယ်လို့ရပါတယ်။ ကြေးကို Messenger မှာ မေးပါ။ လမ်းကြောင်းတစ်ခုလုံး ယူမယ်ဆိုရင်တော့ Perfect Master က ၂၀% လောက် သက်သာပါတယ်။

စာရင်းသွင်းပုံ

  1. Messenger မှာ ပြောပါယူချင်တဲ့ လမ်းကြောင်းကို ပြောပြရင် ငွေပေးချေနည်းကို ပြန်ပြောပြပါမယ်။
  2. ငွေပေးချေပါငွေရောက်ကြောင်း စစ်ပြီးတာနဲ့ ကိုယ့်အကောင့်ကို ဖွင့်ပေးပါတယ်။
  3. Email ထဲက link နဲ့ ဝင်ပါlogin link ပါတဲ့ email ရောက်လာရင် ဒီနေ့ပဲ စလို့ရပါပြီ။

၂ နှစ် IT Programဂျပန်စာ သင်တန်းဆောင်းပါးများ

Java Check